ခုလိုလာရောက်လည်ပတ်သွားတဲ့ သူငယ်ချင်းတွေကို အထူးကျေးဇူးတင်ရှိပါသည် နောက်လည်းလာလည်ကြပါရန်ဖိတ်ခေါ်ပါသည်

ဝထ္တူ

အတိတ်ကပုံရိပ် 
အချိန်တွေပြောင်းလဲနေခဲ့သလောက်ကျော်အောင်ဘာမှမပြောင်းလဲသေးဘူး အချိန်တိုင်းသူ့ရဲ့အချစ်ကို စဉ်းစားနေတတ်သူပါအခုလည်းအတိတ်ကို ပြန်လည်အသက်ဝင်လာအောင်နိုးဆွပေးတဲ့သူရောက်လာခဲ့ပြီး မဟုတ်လား။ညနေ(၇)နာရီအချိန်မှာကျော်အောင်တစ်ယောက်စောစီးစွာအိပ်ယာဝင်ခဲ့တယ်။မိုးလင်းနေပြီထ တာ့ဟုပြောဆိုလာသောမိခင်ရဲ့ အသံဒါကိုကြားခဲ့ဖူးသယောင်ရှိတယ်လို့ထင်ရတယ်။ မနက်မိုးလင်းပြီးဆိုလို့အဝတ်လဲပြီးကျောင်းသွားရန်ကားစောင့်နေကြသောကျောင်းသားနှစ်ယောက်၊ ကျောင်းကားကတော့ရောက်လာပါပြီးကားပေါ်တက်သို့ပျော်ရွင်စွာကျောင်းသားနှစ်ရောက်သွားကြပါပြီး ကျေားင်သို့ရောက်ရင်ဘာလုပ်မှာလဲလို့စဉ်းစားချိန်မှာကျောင်းကားပေါ်ကကျောင်းသားများအစုလိုက် ကားပေါ်ကဆင်းသွားကြတော့မှကျောင်းရှေ့ကိုရောက်နေပြီးလို့သတိရသွားတော့တယ် ကျောင်းခန်းအတွင်းစ ကားမတတ်၊စာမတတ်သောကျောင်းသားအသစ်နှစ်ယောက်ကတော့လက်ရည်ချင်းညီ ကြသည်။စာကြိုးစားမှုးတော့ အလွန်ညံ့သည့်ကျော်အောင်မင်းဘာသုံးစားလို့ရမှာလဲ။ ကျော်အောင်က စာမရပေမဲ့ ဟာသတော့ရသည်။ တစ်ခန်းလုံးကို ဟာသဖြစ်အောင်လုပ်တတ်သည်။ ဟာသလုပ်လွန်းသောကျော်အောင် တနေ့ ပြသနာတက်မှာကိုမသိသေးပါလား။ ကျော်အောင် မင်းတည်တည်ငြိမ်ငြိမ်နေစမ်းပါလား။အစ်ကိုဖြစ်သူရဲ့ စကားကိုရှေ့မှာဆိုခေါင်းသာညိတ်ပြပြီး နောက်ကွယ်မှ လုပ်ချင်တာအကုန်လုပ်သည်။တနေ့ကျော်အောင် ကောင်မလေးတစ်ယောက်ကိုရည်းစားစကားလိုက်ပြော သည်။စပြောတုန်းကအတည်ပေါက်နောက်တော့ပေါတောတောအရူးစတိုင်လ်လျှာအရိုးမရှိတိုင်းပေါက်က ရပြောနေတာ။ဒါကကျော်အောင်ရဲ့ အကျင့်ဘယ်လိုမိန်းခလေးကိုမဆိုပြောရဲသည်။ကျော်အောင်ဒီလိုနေရင်း လျှောက်ပြောလာခဲ့သောကောင်မလေးတွေအယောက်ပေါင်းမရေတွက်နိုင်တော့ဘူး။ မရေတွက်နိုင်ဆိုကျော်အောင်ပါးစပ်ကအရမ်းသရမ်းတာကိုး။ဒီလိုနဲ့ကျော်အောင်သောက်ပေါကြီးလုံးဝဖြစ်သွား တာပေါ့။ကျော်အောင်ကဒါလည်းဂရုမစိုက်ဘူး သောက်ပေါဖြစ်လေဂုဏ်ရှိလေထင်နေတာ။ နောက်ပိုင်းပိုဆိုး လာ သောအခြေနေမှာကျော်အောင် ကောင်မလေးတစ်ယောက်ကိုတွေ့ လိုက်ရပါတယ်။ ကောင်မလေးကလည်းထူး ဆန်းလိုက်တာ။ထိုင်းကျောင်းသူလို့ထင်ရအောင်ထိုင်းကျောင်းသူဝတ်စုံလေးနဲ့အရမ်းကိုကြည့်လိုကောင်းနေ ပါလား။ ကျော်အောင်စတွေ့ တွေ့ ချင်းစိတ်ဝင်းစားနေခဲ့မိသည်။သူ့ နာမည်ဘယ်လိုခေါ်လဲသူဘယ်နှစ်တန်းလဲ သူဘာလူမျိုးလဲ အစရှိသဖြင့်စဉ်းသားရင်း အချိန်တွေ ကုန်ဆုံးသွားစေခဲ့ပါပြီး။