ခုလိုလာရောက်လည်ပတ်သွားတဲ့ သူငယ်ချင်းတွေကို အထူးကျေးဇူးတင်ရှိပါသည် နောက်လည်းလာလည်ကြပါရန်ဖိတ်ခေါ်ပါသည်

သတင်း

ကရင်အမျိုးသားတစ်ဦးဖြစ်သည့်……စောနိုးလေး (ခေါ်) ချစ်စမ်းမောင်

အောင်မြင်ကျော်ကြားသည့် ဂီတလောကသားပင်ဖြစ်သော်လည်း အကျင့်စာရိတ္တတွင် ချီးကျူးဂုဏ်ယူထိုက် သည့် ဂီတသမားတစ်ဦးဖြစ်သည်။ အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းစသည်တို့ မှီဝဲသောက်သုံးမှုမှကင်းသည်။ စိတ်ရှည်သည်၊ သည်းခံစိတ်ရှိသည်၊ မိမိအလုပ်ပေါ်တွင် စူးစိုက်စွာလုပ်တတ်သည်။
ချစ်စမ်းမောင်ရဲ့ အနုပညာသုခုမ ဂီတာတီးဟန်အောင်မြင်ကျော်ကြားသည့် ဂီတလောကသို့ ရောက်ရှိအောင် ပို့ဆောင်ဆတွန်းတင်ခဲ့သည့် သူ၏ဆရာသမား များမှာ ဆရာစောဘွဲကမှူး၊ ဆရာကိုစိုင်း၊ ဆရာကျော်မင်းမောင်နဲ့ အစ်ကိုတော်နှစ်ယောက်တို့ဖြစ်ကြသည်။ တေးဂီတလောကသို့ ၁၉၈၉-ခုနှစ်တွင် ရောက်ရှိပြီး စိုးသူ၊ ချစ်ကောင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဇော်ပိုင်စသည့် နာမည်ကြီးအဆိုတော်တို့သည် Iron Cross တေးဂီတနှင့်တွဲဖက်သီဆိုကြကာ ထိုက်တန်သည့် စတီရီယိုတေး လောကတွင် ထူးကဲသည့်နေရာများရရှိခဲ့ကြသည်။ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ ဖိတ်ခေါ်ခံရ သည့်တေးဂီတအဖွဲ့ဖြစ်ပါသည်။၁၉၉၅-ခုနှစ်တွင် စင်္ကာပူ၊ ၁၉၉၆-ခုနှစ်တွင် ဂျပန်၊ ၁၉၉၈-ခုနှစ်တွင် ကိုးရီးယား၊ အမေရိကန်နှင့် မလေးရှား၊ ၂၀၀၄-ခုနှစ်တွင် စင်္ကာပူ၊ ၂၀၀၅-ခုနှစ်တွင် မလေးရှားနိုင်ငံများတို့တွင် ဖိတ်ခေါ်ခံရပြီး ဖျော်ဖြေတင်ဆင်ခဲ့ ပါသည်။ ကရင်အမျိုးသားရေးအတွက်ဖားအံမြို့၊ အိမ်မဲမြို့၊ သမိုင်းခ၀ဲခြံတို့တွင် တီးခတ်ဖျော်ဖြေခဲ့ပါသည်။ အမျိုးသားရေးအတွက် ဆောင်၇ွက်ရမည်ဆိုလျှင်လည်း မဆိုင်းမတွ ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးပါပင်။
သူ၏ဇနီးမှာ နော်ခင်ခင်မိုးဖြစ်ပြီး သားစောမိုးဇက်အောင်၊ သမီးခင်စန္ဒာမောင်နှင့် ခင်ကက်သလင်းမောင်တို့ နှင့်အတူ အမှတ် ၁၀၈၊ အင်းစိန်လမ်းမကြီး၊ မရမ်းကုန်းမြို့နယ်တွင် မိသားစုများနှင့် နေထိုင်ပြီး PTL စတူဒီ ယိုကိုလည်း ထူထောင်ဖွင့်လှစ်ထားသည်။
ထို့ကြောင့်ပင် ကရင်အမျိုးသားတစ်ဦးဖြစ်သည့် စောနိုးလေး (ခေါ်) ချစ်စမ်းမောင်သည် ဟိုး……..မိုးမြင့်က ထွန်းတောက်သည့် ကြယ်ကလေးတစ်ပွင့်…ဟု တင်စားခေါ်ဝေါ်ရမည်ဆိုလျှင် မှားမည်မထင်………
ကရင်လူငယ်များ အတုယူနိုင်ကြပါစေ….

No comments:

Post a Comment